Victoria government logo
coronavirus.vic.gov.au

ကန့်သတ်ချက်တွေနဲ့ကျန်းမာရေးအကြံပြုချက် (Health advice and restrictions) - မြန်မာ (Burmese)

ကိုဗစ်-၁၉ကို စီမံခန့်ခွဲခြင်းနှင့် ကာကွယ်ခြင်းအတွက် အကြံပြုချက်။

စကားပြန် လိုအပ်ပါက ဘာသာပြန်နှင့် စကားပြန် ဌာန (Translating and Interpreting Service) ၁၃၁ ၄၅၀ သို့ ဖုန်းခေါ်ဆိုပါ။

<h2>မိမိကိုယ်တိုင်နှင့် အခြားသူများကို ကိုဗစ်-၁၉မှ ကာကွယ်ပါ။</h2>

<p>ကိုဗစ်-၁၉ သည် လူ့အသိုင်းအဝိုင်းတွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။ လူအချို့ကို ဆိုးရွားစွာ နာမကျန်းဖြစ်စေနိုင်သေးသည်။ မိမိကိုယ်ကို ကာကွယ်ခြင်းသည် အခြားသူများကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။ ကိုဗစ် မဖြစ်ပါက သင်ထံမှ ကိုဗစ် မကူးစက်စေနိုင်ပါ။&#160;</p>

စစ်ဆေးပါ။

အောက်ပါအခြေအနေများတွင် အိမ်တွင် နေပြီး ပိုးအမြန်စစ်ဆေးနည်း (RAT)ကို စစ်ဆေးပါ-

  • နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း သို့မဟုတ် ချမ်းတုန်ခြင်းစသည့် လက္ခဏာများ ရှိလျှင်
  • ကိုဗစ်-၁၉ ဖြစ်သူနှင့် ထိတွေ့သူ ဖြစ်လျှင်

အကယ်၍ သင့်စစ်ဆေးမှုမှ ပိုးမရှိအဖြေရလျှင်၊ သင်သည် နောက်ထပ်ရက်အနည်းငယ်ကြာအထိ ပိုးအမြန်စစ်ဆေးနည်းဖြင့် ဆက်လက် စစ်ဆေးသင့်ပြီး သင့် ရောဂါလက္ခဏာများ မပျောက်မချင်း အိမ်တွင် နေသင့်သည်။

ပိုးအမြန်စစ်ဆေးနည်းသုံး၍ ပိုးတွေ့အဖြေ ရပါက၊ သင့်အဖြေကို ကျန်းမာရေးဌာနသို့ အကြောင်းကြားသင့်ပါသည်။ ပိုးတွေ့အဖြေကို အွန်လိုင်းဖြင့်External Link သို့မဟုတ် ၁၈၀၀ ၆၇၅ ၃၉၈ သို့ ဖုန်းခေါ်ဆိုခြင်းဖြင့် အကြောင်းကြားနိုင်ပါသည်။ သင့်အဖြေကို အကြောင်းကြားပါက၊ သင်သည် အခမဲ့ ဆေးကုသမှုနှင့် ကိုဗစ် ဆေးဝါးများကို ရနိုင်ပါသည်။

သင်သည် ကိုဗစ်-၁၉ကြောင့် အလွန် နေမကောင်းဖြစ်လာပါက ပီစီအာ (PCR) နည်းဖြင့် စစ်ဆေးရန် ဆရာဝန်ကို မေးမြန်းပါ။ ပီစီအာနည်းမှ ပိုးတွေ့အဖြေရပါက သင့်အဖြေကို အကြောင်းကြားရန် မလိုအပ်ပါ။

ကိုဗစ်-၁၉ စစ်ဆေးခြင်း အကြောင်းကို ပိုမို ဖတ်ရှုပါ။External Link

သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။

အကယ်၍ သင်သည် ကိုဗစ်-၁၉ ပိုး တွေ့ရှိပါက အနားယူပြီး ဆရာဝန်နှင့် ပြသသင့်ပါသည်။ လူအများစုသည် မဆိုးဝါးသော လက္ခဏာများ ခံစားရလိမ့်မည်ဖြစ်ပြီး အိမ်တွင် နေကောင်းလာနိုင်ပါသည်။ သင် အောက်ပါတို့ကို လုပ်သင့်သည်။

  • အိမ်တွင် အနည်းဆုံး ၅ ရက်နေပါ။ အလုပ်၊ ကျောင်း မသွားပါနှင့်။ ဆေးရုံများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် မသန်မစွမ်း ဝန်ဆောင်မှုဌာနများနှင့် ဝေးဝေးနေပါ။
  • အရေးပေါ်အခြေအနေတွင် အိမ်မှ ထွက်ရန်လိုပါက နှာခေါင်းစည်းတပ်ပါ။ အကောင်းဆုံး နှာခေါင်းစည်းများသည် ခွဲစိတ်ခန်းသုံး သို့မဟုတ် N95 ဖြစ်သည်။
  • သင် တွေ့ခဲ့သောလူများ သို့မဟုတ် မကြာသေးမီ ရောက်ခဲ့သော နေရာများမှ လူများကို သင် ကိုဗစ် ဖြစ်နေကြောင်း ပြောပြပါ။

သင့်ရောဂါလက္ခဏာများ ပိုဆိုးလာပါက၊ ဆရာဝန် တစ်ဦးနှင့် ပြသသင့်သည် သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးခန်းမှဆရာဝန်ကိုExternal Link ဆက်သွယ်သင့်သည်။

သင်သည် နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus HelplineExternal Link ) ကိုလည်း ၁၈၀၀ ၀၂၀ ၀၈၀ မှ ခေါ်နိုင်ပါသည်။

သင်သည် ဆရာဝန်နှင့် မပြသနိုင်ပါက အရေးပေါ် စောင့်ရှောက်မှုအတွက် ဗစ်တိုးရီးယား အရေးပေါ်အလားတူဌာန (Victorian Virtual Emergency DepartmentExternal Link ) သို့ ဖုန်းခေါ်ဆိုပါ။

အရေးပေါ်အခြေအနေများအတွက် သုညသုံးလုံး (၀၀၀)ကို ဖုန်းခေါ်ပါ။

သင်သည် ၁၀ ရက် ကြာသည်အထိ ပိုးကူးစက်စေနိုင်သည်။ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်းတို့ ဖြစ်ပါက အိမ်တွင်နေသင့်သည်။ မသေချာပါက ပိုးအမြန်စစ်ဆေးနည်းကို သုံးပါ သို့မဟုတ် ဆရာဝန်နှင့် ပြသပါ။

အထောက်အပံ့

ပိုမိုသိရှိလိုပါက-

တစ်ဦးတစ်ယောက်နှင့် စကားပြောရန်-

  • နိုင်ငံလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus HelplineExternal Link ) ကို ၁၈၀၀ ၀၂၀ ၀၈၀ မှ ဖုန်းခေါ်ပါ။
  • ဘာသာပြန်နှင့် စကားပြန် ဌာန (Translating and Interpreting Service) ကို ၁၃၁ ၄၅၀ မှ ဖုန်းခေါ်ပါ။

ကိုဗစ်ဆေးများအကြောင်း မေးပါ။

ကိုဗစ်ဆေးဝါးများသည် လူ့အသက်ကို ကယ်တင်ပြီး၊ လူများကို ကိုဗစ်-၁၉ ကြောင့် ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဆေးအာနိသင် အကောင်းဆုံး ဖြစ်စေရန် ၎င်းတို့ကို တတ်နိုင်သမျှ စောစီးစွာနှင့် နာမကျန်းဖြစ်ပြီး ၅ ရက်အတွင်း သောက်သုံးသင့်သည်။

ကိုဗစ် ဆေးဝါးများ ရနိုင်သည် ဟုတ်မဟုတ် သိရှိနိုင်ရန် အောက်ပါမေးခွန်းများကို ဖြေဆိုပါExternal Link ။ သင် ရနိုင်သည်ဟုထင်ပါက ဆရာဝန်နှင့် ပြသပါ။ ဆေးရနိုင်သည့်သူများကို ဆေး မြန်မြန်ရရှိရန် ဆရာဝန်က ကူညီနိုင်ပါသည်။

ပိုမိုသိရှိလိုပါက ဗိုင်းရပ်ဆေးများနှင့် အခြားဆေးဝါးများအကြောင်းကို ဖတ်ရှုပါ။External Link

နှာခေါင်းစည်း တပ်ပါ

နှာခေါင်းစည်းများသည် ကိုဗစ်-၁၉ ကူးစက်ခြင်းနှင့် ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်သည်။ နှာခေါင်းစည်းများသည် အရည်အသွေး ကောင်းမွန်ပြီး မျက်နှာနှင့် အံဝင်ခွင်ကျ ဖြစ်သင့်သည်။ N95 နှင့် P2 နှာခေါင်းစည်းများ (အသက်ရှူစက်များ) သည် အကာအကွယ်အများဆုံး ပေးနိုင်သည်။

အောက်ပါအခြေအနေများတွင် နှာခေါင်းစည်း တပ်သင့်သည်-

  • အများသုံးသယ်ယူပို့ဆောင်ရေး၊ အများသုံးနေရာအတွင်းနှင့် လူစည်ကားသော လေဟာပြင်နေရာများတွင်။
  • အကယ်၍ သင့်တွင် ကိုဗစ်-၁၉ ဖြစ်နေပြီး အိမ်မှ အပြင်သို့ မဖြစ်မနေ သွားရလျှင်
  • သင်သည် သို့မဟုတ် တစ်စုံတစ်ဦးနှင့် အတူ အလွန်ဖျားနာနိုင်ခြေ ရှိလျှင်

အသက် ၂ နှစ်နှင့်အောက် ကလေးများသည် မွန်းကြပ်ခြင်းနှင့် အသက်ရှူကြပ်ခြင်းအန္တရာယ် ရှိသောကြောင့် နှာခေါင်းစည်း မ၀တ်သင့်ပါ။

ပိုမိုသိရှိလိုပါက နှာခေါင်းစည်းများအကြောင်းကို ဖတ်ရှုပါExternal Link

ကာကွယ်ဆေး နောက်ထပ်ဆေးအကြိမ်ကို ထိုးပါ။

ကာကွယ်ဆေးများသည် မိမိကိုယ်တိုင်နှင့် မိသားစုကို ကိုဗစ်-၁၉ ကြောင့် ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးရန် အကောင်းဆုံးနည်း ဖြစ်သည်။ သင့်အတွက် အကြံပြုထားသော ကာကွယ်ဆေးကို နောက်ဆုံးအကြိမ်အထိ ထိုးထားသင့်သည်။ ကာကွယ်ဆေး အကြိမ်မည်မျှ ထိုးရန် အကြံပြုထားသည်ကို သိရှိရန် ဆရာဝန်နှင့် ဆွေးနွေးပါ။

အကယ်၍ သင့်တွင် ကိုဗစ်-၁၉ ဖြစ်ခဲ့သော်လည်း ကာကွယ်ဆေး ထိုးထားသင့်သေးသည်။ ဆရာဝန် သို့မဟုတ် အနီးတစ်ဝိုက်ရှိ ဆေးဆိုင်တွင် နောက်တစ်ကြိမ် ကာကွယ်ဆေး ထိုးရန် ကာကွယ်ဆေးထိုးရာနေရာရှာသည့် (vaccine clinic finderExternal Link )ကို သုံးပါ။

နောက်ထပ် သိသင့်သည်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဖတ်ရှုပါExternal Link

လေကောင်းလေသန့် ဝင်ပါစေ။

ကိုဗစ်-၁၉သည် လေထဲမှ ပျံ့နှံ့သည်။ လေကောင်းလေသန့်ကို အိမ်တွင်းသို့ ဝင်စေခြင်းသည် ကိုဗစ်-၁၉ ပျံနှံ့နိုင်ခြေကို လျှော့ချပေးနိုင်သည်။ အိမ်တွင်း၌ ဧည့်သည်များနှင့် တွေ့ဆုံသည့်အခါ ဖြစ်နိုင်လျှင် ပြတင်းပေါက်များ သို့မဟုတ် တံခါးများကို ဖွင့်ထားပါ။ မဖွင့်နိုင်ပါက၊ လေထဲမှ လွှင့်ပါးနိုင်သော အမှုန်အမွှားများကို ဖယ်ရှားပေးသည့် ခရီးဆောင် လေသန့်စင်စက် (HEPA filter)ကို အသုံးပြုနိုင်သည်။

ပိုမိုသိရှိလိုပါက လေဝင်လေထွက် အကြောင်းကို ဖတ်ရှုပါExternal Link

ကိုဗစ်-၁၉ မှ နာလန်ထခြင်း

လူအများစုသည် ကိုဗစ်-၁၉ ဖြစ်ပြီးသည့်နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် နေထိုင်မကောင်း ဖြစ်နိုင်ပါသည်။ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်လာစေရန် ဂရုစိုက်ပါ၊ အချိန်ပေးပါ။

နောက်တစ်ကြိမ် ကာကွယ်ဆေး မထိုးမီ ရောဂါဖြစ်ပြီးနောက် ၃လ စောင့်သင့်ပါသည်။ ထိုမှသာ သင့်အား ဗိုင်းရပ်စ်ပိုး ကာကွယ်မှုကို အကောင်းဆုံး ဖြစ်စေမည်။

သင် နာလန်ထပြီး ၄ ပတ်အကြာတွင် ကိုဗစ်-၁၉ ထပ်မံ ဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပြီး ၄ပတ် သို့မဟုတ် ထို့နောက်ပိုင်းတွင် ရောဂါလက္ခဏာများ ရှိပါက ပိုးစစ်ဆေးသင့်ပါသည်။

ကိုဗစ်-၁၉၏ လက္ခဏာများ ၃ လထက် ပိုကြာသည်အထိ ရှိနေပါက ရှည်ကြာသောကိုဗစ်ဟု ခေါ်ပါသည်။ သင့်ရောဂါလက္ခဏာများကို ကုသရာတွင် ကူညီပေးနိုင်သော သို့မဟုတ် လိုအပ်ပါက သင့်အား အထူးကုဆရာဝန်ထံ ညွှန်းပေးနိုင်သော သင့် ဆရာဝန်ကို ပြသသင့်သည်။

နောက်ထပ် သိသင့်သည်များကို ရှည်ကြာသောကိုဗစ်အကြောင်းတွင် ဖတ်ရှုပါExternal Link

သင်သည် ရောဂါထိတွေ့သူ ဖြစ်ခဲ့လျှင်

သင်သည် ပိုးတွေ့စစ်ဆေးမှုအဖြေ ရှိသူတစ်ဦးနှင့် အိမ်တစ်အိမ်တွင် အတူနေထိုင်ပါက သို့မဟုတ် နီးကပ်စွာ ထိတွေ့မိပါက သင်သည် ကိုဗစ်-၁၉ ဖြစ်ပွားနိုင်ခြေ ရှိသည်။

ပိုးတွေ့စစ်ဆေးမှုအဖြေ ရှိသူနှင့် ထိတွေ့ပြီးနောက် ၇ ရက်ကြာသည်အထိ ရောဂါလက္ခဏာများကို စောင့်ကြည့် ပြီး ပုံမှန် ပိုးစစ်သင့်သည်။ ဤကာလအတွင်း သင့်အား အကြံပြုထားသည်များမှာ-

  • ဆေးရုံများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် မသန်မစွမ်း ဝန်ဆောင်မှုဌာနများနှင့် ဝေးဝေးနေပါ။
  • အများသုံးသယ်ယူပို့ဆောင်ရေး နှင့် အလုပ်၊ ကျောင်းစသော အဆောက်အဦများအတွင်း အပါအဝင် အိမ်မှ ထွက်ခွာသည့်အခါ နှာခေါင်းစည်း တပ်ပါ။
  • ဖြစ်နိုင်လျှင် ပြတင်းပေါက်များ ဖွင့်ထားခြင်းဖြင့် အဆောက်အဦများအတွင်းသို့ လေကောင်းလေသန့်များ ဝင်ပါစေ။

နောက်ထပ် သိသင့်သည်များကို ပိုးထိတွေ့သူများ လုပ်ဆောင်ရန်စာရင်းတွင် ဖတ်ရှုပါExternal Link

Reviewed 12 December 2022

Coronavirus Hotline

Call the Coronavirus Hotline if you need help to report a rapid antigen test (RAT) or if you have any questions about COVID-19.

The Victorian Coronavirus Hotline diverts to the National Coronavirus Helpline every night between 4pm and 9am.

Please keep Triple Zero (000) for emergencies only.

Was this page helpful?