vic_logo
coronavirus.vic.gov.au

ကိုဗစ်-၁၉ ကာကွယ်ဆေး (COVID-19 vaccine) - မြန်မာာ (Burmese)

COVID-19 ကာကွယ်ဆေးဖြန့်ဝေမှုနဲ့အန္တရယ်ကင်းရှင်းမှုအကြောင်းသတင်းအချက်အလက်

အကယ်၍ သင် စိုးရိမ်ပူပန်နေလျှင် coronavirus တိုက်ရိုက်ဖုန်းလိုင်း 1800 675 398 (၂၄ နာရီလုံး) ကို ခေါ်ပါ။.
အကယ်၍ သင် စကားပြန်တစ်ဦး အလိုရှိလျှင် TIS National ကိုဖုန်း 131 450 ဖြင့်ခေါ်ပါ။.
ကျေးဇူးပြု၍ ဖုန်းနံပါတ် သုညသုံးလုံး (000) ကို အရေးပေါ်ကိစ္စများအတွက်သာ သုံးပါ.

သင်ဘာတွေသိသင့်ပါသလဲ

  • အသက် ၄၀ နှစ် နှင့် အထက်အရွယ် လူတိုင်းသည် ယခုအခါ COVID-19 ကာကွယ်ဆေး ထိုးနိုင်ပြီဖြစ်သည်။
  • အောက်ပါတို့အပါအဝင် အသက် ၄၀ နှစ်အောက်အရွယ် လူအချို့သည်လည်း ထိုးနိုင်ပြီဖြစ်ပါသည်-
    • ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများ၊ မသန်စွမ်းမှု စောင့်ရှောက်ရေး လုပ်သားများနှင့် သက်ကြီးစောင့်ရှောက်ရေး ဂေဟာ လုပ်သားများ၊ အရေးပေါ်ဝန်ဆောင်မှု လုပ်သားများ၊ နှင့် ဟိုတယ်ကွာရင်းတင်း လုပ်သားများနှင့် လေယာဥ်ကွင်းနှင့် ဆိပ်ကမ်း လုပ်သားများကဲ့သို့ ၎င်းတို့၏ အလုပ်အကိုင်ကြောင့် COVID-19 ရောဂါရရှိစေမည့် အန္တရာယ် ပိုများသည့် လူများ
    • COVID-19 ရောဂါရလာလျှင် အလွန်အမင်း နာမကျန်းဖြစ်လာနိုင်ဖွယ်ရှိသည့်လူများ၊ မသန်စွမ်းသူများ သို့မဟုတ် ရောဂါရှိသူများ ကဲ့သို့လူများ
    • မသန်စွမ်းသူကို စောင့်ရှောက်ပေးသူများနှင့် ဟိုတယ်ကွာရင်တင်း လုပ်သားများနှင့် နယ်စပ်လုပ်သားများတို့နှင့်အတူ နေထိုင်သူများ ကဲ့သို့ နာမကျန်းဖြစ်လာခြင်းမှ သို့မဟုတ် COVID-19 ရောဂါရရှိလာခြင်းမှ အန္တရာယ်ပိုများသည့်လူများနှင့် အတူနေထိုင်သူများ သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ပေးသူများ
    • စာရင်း အပြည်အစုံကို ကြည့်ရှုရန် မည်သူက ကာကွယ်ဆေးထိုးနိုင်သည် တွင်ကြည့်ပါ။
  • ၆၀ နှစ်နှင့်အထက် လူကြီး တွေ ဟာ AstraZeneca ကာကွယ်ဆေးကို ထိုးနိုင်ပါသည်။
  • ၆၀ နှစ်အောက် လူတွေ ကို Pfizer ကာကွယ်ဆေးထိုးပေးပါလိမ့်မည်။
  • COVID-19 ကာကွယ်ဆေးသည် လူတိုင်းအတွက် အခမဲ့ဖြစ်သည်။ သင် Medicare ကတ်ပြား မလိုအပ်ပါ။
  • ကာကွယ်ဆေးထိုးရန်မှာ မိမိဆန္ဒအလျောက်ဖြစ်သည်။ ကာကွယ်ဆေးထိုးရန် သင် ရွေးချယ်နိုင်သည်။
  • COVID-19 ကာကွယ်ဆေး အာနိသင် ထိရောက်စေရန် သင် နှစ်ကြိမ်လုံး (ထိုးဆေး) အတူတူကို ထိုးရန်လိုအပ်သည်။
  • ပထမထိုးဆေးကိုထိုးနှံတဲ့အခါမှာ၊ဒုတိယထိုးဆေးကိုဘယ်အချိန်မှာထိုးနှံဖို့လိုမယ်ဆိုတာသင့်ကိုပြောပါလိမ့်မယ်။
  • ကာကွယ်ဆေးတွေအားလုံးဟာဩစတေးလျှမှာအသုံးပြုဖို့ခွင့်ပြုမိန့်မရခင်ကထဲက
  • အန္တရာယ်ကင်းတယ်ဆိုတာသေခြာစေဖို့ ဂရုတစိုက်စမ်းသတ်ထားခဲ့ပြီးဖြစ်ပါတယ်။
  • အကယ်၍သင့်ကျန်းမာရေးအတွက်၊ဒါမှမဟုတ် COVID-19 ကာကွယ်ဆေးထိုးနှံဖို့အတွက်စိတ်ပူတယ်ဆိုပါက၊သင့်ရဲ့ဆရာဝန်ကိုမေးမြန်းပါ။

သင်ဘာကြောင့်ကာကွယ်ဆေးထိုးနှံသင့်တာပါလဲ

COVID-19 ကာကွယ်ဆေးထိုးနှံခြင်း

  • COVID-19 ကြောင့်ဖျားနာမဲ့အန္တရာယ်ကိုလျော့ကျစေပါတယ်။
  • အကယ်၍ သင်COVID-19 ကူးစက်ခံရတာကြောင့်ဖြစ်လာမဲ့အလွန်အမင်းအဖျားကြီးခြင်းကနေသင့်အားကာကွယ်ပေးပါတယ်။
  • သင့်ရဲ့မိသားစုတွေ၊မိတ်ဆွေတွေနဲ့လူမှုအသိုင်းအဝိုင်းတွေကိုကာကွယ်ဖို့အကူအညီဖြစ်စေပါတယ်။

အကယ်၍ လူအများစုက ကာကွယ်ဆေးထိုးထားလျှင် COVID-19 ဗိုင်းရပ်စ်မှာ အလွယ်တကူ မပျံ့နှံ့နိုင်ပါ။ ၎င်းကြောင့် ကာကွယ်ဆေး မထိုးနိုင်သည့်သူများကိုလည်း ကာကွယ်ပေးရာရောက်ပါသည်။

ကာကွယ်ဆေးလုံခြုံမှူ

  • COVID-19 ကာကွယ်ဆေးအပါအဝင်၊ ကာကွယ်ဆေးအားလုံးဟာ၊ သူတို့ကိုဩစတေးလျှမှာအသုံးမပြုခင်၊ဩစတေးလျှTherapeutic Goods Administration ဌာနကသတ်မှတ်တဲ့တင်းကျပ်သောအန္တရာယ်ကင်းရှင်းမှုစံချိန်စံနုုန်းတွေနဲ့ကိုက်ညီဖို့လိုအပ်ပါတယ်။
  • သင့်အား တတ်ကျွမ်းသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတစ်ဦးက ကာကွယ်ဆေးထိုးပေးပါမည်။
  • ကာကွယ်ဆေး အားလုံးကဲ့သို့ အချို့လူများသည် COVID-19 ကာကွယ်ဆေးထိုးပြီးနောက် သာမန် ဘေးထွက်ဆိုးကျိုးများကို ကြုံတွေ့နိုင်ကောင်း ကြုံတွေ့နိုင်သည်။
    • ဆေးအပ်ထိုးရာနေရာ၌ နာကျင်ခြင်း
    • မောပန်းခြင်း
    • ကြွက်သား နာခြင်း
    • ခေါင်းကိုက်ခြင်း
    • ကိုယ်ပူအဖျားတက်ခြင်းနှင့် ချမ်းတုန်ခြင်း
    • အဆစ်ကိုက်ခဲခြင်း။

သင် ကာကွယ်ဆေး မထိုးမီ သတင်းအချက်အလက်များကို ဖတ်ရှုပါ-

သင်၏ COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပွားသည့် ဘေးထွက်ဆိုးကျိုးများအကြောင်း သတင်းအချက်အလက် ပိုမိုသိရှိရန်အတွက် ကြည့်ရှုရန်-

အကယ်၍ သင့်တွင် COVID-19 ကာကွယ်ဆေးထိုးပြီးနောက် မေးစရာ တစ်စုံတစ်ရာရှိလျှင် သင် သင့်ဆရာဝန်နှင့် ပြသင့်သည်။

အာနိသင်ထိရောက်မှု

ကမ္ဘာအနှံ့ သန်းနှင့်ချီသောလူများ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ကာကွယ်ဆေးများက ကျွန်ုပ်တိို့အား မည်မျှကောင်းစွာ ကာကွယ်ပေးသည်ကို ကျွန်ုပ်တို့ ပိုမိုနားလည်လာကြပါသည်။ အောက်ဖော်ပြပါ အချက်အလက်များကို နောက်ဆုံးပေါ် သုတေသနအား အခြေခံထားပါသည်၊ COVID-19 ကာကွယ်ဆေးထိုးခဲ့သည့်လူ အများအပြားရှိသည့် လူမှုအသိုင်းအဝိုင်းအတွင်း သုတေသန အပါအဝင်ဖြစ်ပါသည်။၊

AstraZeneca ကာကွယ်ဆေးသည် COVID-19 ရောဂါ ရရှိခြင်းမှ သင့်အား ကာကွယ်ပေးသည်။

  • ကာကွယ်ဆေး နှစ်ကြိမ်လုံးကို ၁၂ ပတ် ခြား၍ ထိုးခြင်းဖြင့် သင်သည် COVID-19 ရောဂါဖြင့် နာမကျန်းဖြစ်လာရန် ၉၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ခြေ နည်းလာနိုင်ဖွယ်ရှိသည်။
  • ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် သင်သည် COVID-19 ရောဂါဖြင့် ဆေးရုံတင်ခံရရန် ၉၀ ရာခိုင်နှုန်းကျော် ဖြစ်နိုင်ခြေ နည်းလာနိုင်ဖွယ်ရှိသည်။

Pfizer ကာကွယ်ဆေးသည် COVID-19 ရောဂါ ရရှိခြင်းမှ သင့်အား ကာကွယ်ပေးသည်။

  • ကာကွယ်ဆေး နှစ်ကြိမ်လုံးကို ၂၁ ရက် ခြား၍ ထိုးခြင်းဖြင့် သင်သည် COVID-19 ရောဂါဖြင့် နာမကျန်းဖြစ်လာရန် ၉၅ ရာခိုင်နှုန်း ဖြစ်နိုင်ခြေ နည်းလာနိုင်ဖွယ်ရှိသည်။
  • ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် သင်သည် COVID-19 ရောဂါဖြင့် ဆေးရုံတင်ခံရရန် ၈၀ ရာခိုင်နှုန်းကျော် ဖြစ်နိုင်ခြေ နည်းလာနိုင်ဖွယ်ရှိသည်။

COVID-19 ကာကွယ်ဆေးများ၏ ပါဝင်ပစ္စည်းများ

Pfizer နှင့် AstraZeneca ကာကွယ်ဆေးများတွင် အောက်ပါတို့ မပါဝင်ပါ-

  • နွားနို့
  • ကြက်ဥ
  • ရာဘာ
  • ဝက်သား သို့မဟုတ် ဝက်ထွက်ပစ္စည်း (ဝက်ရိုးပြုတ်စေးပျစ်ရည်ကဲ့သို့)

သင် မည်သည့်အချိန်၌ ကာကွယ်ဆေး ထိုးနိုင်မည်

အောက်ဖော်ပြပါလူများသည် ယခုအခါ COVID-19 ကာကွယ်ဆေး ထိုးနိုင်ပြီဖြစ်သည်-

  • အသက် ၄၀ နှစ်နှင့် အထက် အရွယ်လူများ
  • ဟိုတယ် ကွာရင်တင်း လုပ်သားများနှင့် နယ်စပ် လုပ်သားများ
  • ဟိုတယ် ကွာရင်တင်း လုပ်သားများနှင့် နယ်စပ် လုပ်သားများတို့၏ အိမ်ထောင်စုဝင်များ
  • ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများ
  • သက်ကြီးစောင့်ရှောက်ရေး ဂေဟာ ဝန်ထမ်းများနှင့် နေထိုင်သူများ
  • မသန်စွမ်းမှု စောင့်ရှောက်ရေး ဝန်ထမ်းများနှင့် နေထိုင်သူများ
  • ရောဂါတစ်ခုခုရှိသည့် အသက် ၁၆ နှစ်နှင့် အထက် အရွယ်လူများ
  • သိသိသာသာ မသန်စွမ်းမှုရှိသည့် လူကြီးသူရွယ်များ
  • အမျိုးသားမသန်မစွမ်းသူများအာမခံအစီအစဉ်တွင်ပါဝင်သော မသန်စွမ်းသည့်လူများ
  • အဆင့် Phase 1a နှင့် 1b အရ ခံစားထိုက်သည့် အချို့ပုဂ္ဂိုလ်များကို စောင့်ရှောက်ပေးသူများ သို့မဟုတ် သတ်မှတ်ထားသည့် ရောဂါများရှိသော ကလေးများကို စောင့်ရှောက်ပေးသူများ (လုပ်ခဖြင့် သို့မဟုတ် လုပ်ခဖြင့်) - နောက်ထပ် အသေးစိတ်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ် အဆင့် 1b တွင်ကြည့်ပါ
  • အချို့ မသန်စွမ်းမှုနှင့် သက်ကြီးစောင့်ရှောက်ရေး ပံ့ပိုးကူညီသည့် စေတနာ့ဝန်ထမ်းများ- နောက်ထပ် အသေးစိတ်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ် အဆင့် 1b တွင်ကြည့်ပါ။
  • အောက်ပါတို့ အပါအဝင် လက်ရှိ အလုပ်ခန့်ထားသော အရေးပါပြီး အန္တရာယ်များသည့် အလုပ်သမားများ -
    • စစ်တပ်ဖွဲ့ အရာရှိများ
    • ရဲ၊ မီးသတ်၊ အရေးပေါ်ဝန်ဆောင်မှု လုပ်သားများ
    • အသားနှင့် ပင်လယ်စာ စီမံရေး လုပ်သားများ
  • ဗစ်တိုးရီးယားပြည်နယ် အစိုးရသည် အောက်ဖော်ပြပါ အလုပ်ခွင်နေရာများရှိလူများအား ထိုးနိုင်စေရန် တိိုးချဲ့ပေးထားသည်-
    • အကျဉ်းထောင် ဝန်ဆောင်မှု၊ လူမှုအသိုင်းအဝိုင်းတွင်းရှိ အကျဥ်းဦးစီးဌာန ဝန်ထမ်းများ
    • ပံ့ပိုးမှုဖြင့် ဂေဟာနေထိုင်ရေး ဝန်ဆောင်ဌာနများကဲ့သို့ အန္တရာယ်များသည့် နေရေးထိုင်ရေး အနေအထားရှိ အလုပ်လုပ်နေသည့် ဝန်ထမ်းများ
    • အများပြည်သူနှင့် ကြုံတွေ့နေရသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဥ်မောင်းသူများနှင့် အလုပ်သမားများ
    • ခရီးကြုံလိုက်စီးရသူများနှင့် တက်က်စီယာဥ်မောင်းသူများ
    • အပြည်ပြည်ဆိုင်ရာ အဝင် လေဆိပ်များရှိ ဝန်ထမ်း အားလုံး။
  • ထိခိုက်နိုင်လွယ်ပြီး COVID-19 ရောဂါကူးစက်ခြင်း အန္တရာယ် သို့မဟုတ် ၎င်းမှ ပြင်းပြင်းထန်ထန် နာမကျန်းမှုဖြစ်လာခြင်း အန္တရာယ် များသည့်လူများ
    • အိုးမဲ့အိမ်မဲ့ ကြုံတွေ့နေရသူများ၊ ကြမ်းကြမ်းတမ်းတမ်း အိပ်စက်နေရသူများ သို့မဟုတ် အရေးပေါ် နေရာထိုင်ခင်းတွင် နေထိုင်နေရသူများ
    • မူးယစ်ဆေးဝါးဖြတ်ခြင်းနှင့် အရက်ဖြတ် ဝန်ဆောင်မှုများ ရယူနေသည့်လူများ
    • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ နေထိုင်ရေး အဆောက်အအုံများရှိ နေထိုင်နေရသူများ
    • အထပ်မြင့်/အထပ်နိမ့် အများပြည်သူ အိမ်ရာ၊ ပံ့ပိုးမှုဖြင့် နေထိုင်ရေး ဝန်ဆောင်မှုများ၊ လူမှုအသိုင်းအဝိုင်း အိမ်ရာ၊ အခန်းတွဲများပါရှိရာ အိမ်များနှင့် အခြား အပါအဝင်ဖြစ်သော ထိခိုက်လွယ်သည့် နေရာထိုင်ခင်း၌ နေထိုင်သူများ
    • အကျဥ်းချခံနေရသည့် အကျဉ်းသားများနှင့် ထိန်းသိမ်းရေး စခန်းများရှိ ထိန်းသိမ်းခံရသူများ။
  • သြစတြေးလျနိုင်ငံမှ ထွက်ခွာသွားရန် သြစတြေးလျနိုင်ငံ အစိုးရထံမှ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်ကို ကင်းလွတ်ခွင့်ရရှိခဲ့သည့် ခရီးသည်များ
  • ပထမအကြိမ် COVID-19 ကာကွယ်ဆေးကို ထိုးခဲ့ပြီး (အခြား ပြည်နယ် သို့မဟုတ် နိုင်ငံခြားမှ ပြန်လာခဲ့သည့် ပုဂ္ဂိုလ်များအပါအဝင်) ၎င်းတို့ရှိနေသည့် ဆေးထိုးရန်အဆင့်နှင့် မသက်ဆိုင်ဘဲ ဆေးအကြိမ်များအကြား သင်တော်သော အချိန်၌ ဒုတိယအကြိမ်ဆေးကို ထိုးနိုင်သည့်လူများ။

သင်၏ COVID-19 ကာကွယ်ဆေးကိုထိုးရန် မည်သည့်နေရာသို့ သွားရမည်

အကယ်၍ သင် ထိုးရန်သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် သင် အောက်ပါနေရာများ၌ ရက်ချိန်းယူနိုင်သည်-

  • အထွေထွေရောဂါကု ဆေးခန်းများ (ဆရာဝန်များ)
  • လူမှုအသိုင်းအဝိုင်း ကျန်းမာရေ ဌာနများ
  • အဘိုရင်ဂျင်းတိုင်းရင်းလူမျိုး အသိုင်းအဝိုင်း ထိန်းချုပ်မှုအောက်ရှိ ကျန်းမာရေး ဌာနများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ အထွေထွေးရောဂါကု ဆေးခန်းများ
  • ကာကွယ်ဆေးထိုး ဌာနများ။

သင့်ဆရာဝန်က သင့်အား ကာကွယ်ဆေးထိုးပေးနိုင်သည်။ အကယ်၍ သင့်ဆရာဝန်သည် COVID-19 ကာကွယ်ဆေးကို ထိုးပေးနေလျက်ရှိပြီး သင် ထိုးချင်လျှင် ဖြစ်ပါသည်။ အကယ်၍ သင့်တွင် အောက်ပါတို့ရှိလျှင် ပြောဆိုရန် အကောင်းဆုံးလူမှာ သင့်ဆရာဝန်ဖြစ်သည်။

  • ရှိရင်းစွဲ ရောဂါတစ်ခု
  • COVID-19 ကာကွယ်ဆေး ထိုးခြင်အကြောင်း မေးစရာများ သို့မဟုတ် ထိုးရန်စိတ်တုန်လှုပ်နေမှု

COVID-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်းကို မည်သို့ ရက်ချိန်းယူရမည်

သင်၏ COVID-19 ကာကွယ်ဆေး ရက်ချိန်းကို ရက်ချိန်းယူရန်အတွက် နည်းလမ်း အနည်းငယ်ရှိပါသည်။

အသက် ၆၀ နှစ်ကျော်လူများအတွက်

  • သင်နှင့်နီးသည့် ဆရာဝန် ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာန
  • ဖုန်း 1800 675 398 ကိုဆက်ခြင်းဖြင့် ကာကွယ်ဆေးထိုး ဌာနတစ်ခုတွင် ရက်ချိန်းယူပါ။ သင် စကားပြန်လိုအပ်လျှင် 0 ကိုနှိပ်ပါ။
  • အချို့ ကာကွယ်ဆေးထိုးဌာနများသည် ရက်ချိန်းတစ်ခု မရှိဘဲ ဝင်ရောက်လာသည့်လူများကို ခွင့်ပြုပါသည်။ အကယ်၍ သင် ဝင်ရောက်လာလျှင် သင့်အနေဖြင့် ကာကွယ်ဆေးထိုးပေးမည့်သူ သင့်အား ထိုးပေးရန် အားလပ်သွားသည့်အချိန်အထိ သင် စောင့်ဆိုင်းရန် လိုအပ်သည်။ ဝင်ရောက်လာခြင်းကို လက်ခံသည့် ဌာနများနှင့် ၎င်းတို့၏ ဖွင့်ချိန်များ ကိုစိစစ်ပါ။

အသက်၆၀ နှစ်အောက်လူများအတွက်

  • သင်သည် ဖုန်း 1800 675 398 ကိုဆက်ခြင်းဖြင့် ရက်ချိန်းယူသင့်သည်။ သင် စကားပြန်လိုအပ်လျှင် 0 ကိုနှိပ်ပါ။
  • အချို့ ကာကွယ်ဆေးထိုးဌာနများသည် ရက်ချိန်းတစ်ခု မရှိဘဲ ဝင်ရောက်လာသည့်လူများကို ခွင့်ပြုပါသည်။ အကယ်၍ သင် ဝင်ရောက်လာလျှင် သင့်အနေဖြင့် ကာကွယ်ဆေးထိုးပေးမည့်သူ သင့်အား ထိုးပေးရန် အားလပ်သွားသည့်အချိန်အထိ သင် စောင့်ဆိုင်းရန် လိုအပ်သည်။ ဝင်ရောက်လာခြင်းကို လက်ခံသည့် ဌာနများနှင့် ၎င်းတို့၏ ဖွင့်ချိန်များ ကိုစိစစ်ပါ။

ဖွင့်ချိန်များအပါအဝင် ဗစ်တိုးရီးယားပြည်နယ် ကာကွယ်ဆေးထိုး ဌာနများအကြောင်း ပိုမိုသိရှိရန် ကာကွယ်ဆေးထိုးဌာနများ တွင်ကြည့်ပါ။

သင့် ကာကွယ်ဆေးထိုးရက်ချိန်းသို့ သင်နှင့်အတူ ယူဆောင်လာရမည့် အရာ

  • သင် ကာကွယ်ဆေးထိုး ဌာနအတွင်း ရောက်ရှိချိန်၌ သင် နှာခေါင်းစည်း ဝတ်ရန် လိုအပ်သည်
  • အကယ်၍ သင့်တွင်ရှိလျှင် ဓါတ်ပုံပါသည့် သက်သေခံကတ်ပြား
  • (Medicare ကတ်ပြား မလိုအပ်သော်လည်း) အကယ်၍ သင့်တွင် ရှိလျှင် Medicare ကတ်ပြား
  • အကယ်၍ သင့်တွင် Medicare ကတ်ပြား မရှိလျှင် လူပုဂ္ဂိုလ် ကျန်းမာရေးစောင့်ရှောက်မှု ကတ်ပြားနံပါတ်
  • အကယ်၍ သင်သည် သင်၏အလုပ်အကိုင်ကြောင့် COVID-19 ကာကွယ်ဆေးထိုးနေလျှင် အလုပ်သမား သက်သေခံကတ်ပြား သို့မဟုတ် သင့်အလုပ်ရှင်ထံမှ စာ
  • ဓါတ်မတည့်မှုများကဲ့သို့ သင်၏ ဆေးဘက်ဆိုင်ရာ သမိုင်းကြောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ

အလွန်ရှားရှားပါးပါး ဖြစ်ခဲသည့် သွေးခဲခြင်း ဘေးထွက်ဆိုးကျိုး

AstraZeneca ကာကွယ်ဆေးနှင့် အလွန်ရှားရှားပါးပါး ဖြစ်ခဲသည့် အခြေအနေ အကြား အချိတ်အဆက်တစ်ခုရှိသည်၊ ၎င်းတွင် သွေးခဲခြင်းနှင့် ပလိပ်လက်သွေးပစ္စည်း အတိုင်းအဆအဆင့် နိမ့်ကျခြင်း တို့ပါဝင်သည်။ အဆိုပါ အခြေအနေကို သွေးခဲခြင်းနှင့်အတူ ပလိပ်လက်သွေးပစ္စည်း အတိုင်းအဆအဆင့် နိမ့်ကျခြင်း ကို (Thrombosis နှင့်အတူ thrombocytopenia syndrome (TTS)) ဟုခေါ်သည်။

ဤအလွန်ရှားရှားပါးပါး ဖြစ်ခဲသော သွေးခဲခြင်း ဘေးထွက်ဆိုးကျိုးအကြောင်း သြစတြေးလျနိုင်ငံအစိုးရ၏ နောက်ဆုံးပေါ် သတင်းအချက်အလက်များ ကိုဖတ်ရှုပါ။

သင့်ဘာသာစကားဖြင့် ဘာသာပြန်ဆိုထားသော အချက်အလက်စာစောင်

သင်၏ COVID-19 ကာကွယ်ဆေးထိုးရန်အတွက် ကြိုတင်ပြင်ဆင်ပုံ

Pfizer ကာကွယ်ဆေးအတွက် ရင်းမြစ်များ

AstraZeneca ကာကွယ်ဆေးအတွက် ရင်းမြစ်များ

ပိုမိုသောသတင်းအချက်အလက်

သြစတြေးလျနိုင်ငံ၏ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်သည့် ပိုမိုသိရှိလိုသော အချက်အလက်များကို သြစတြေးလျနိုင်ငံ အစိုးရ၏ ဝက်ဘ်ဆိုက် တွင်တွေ့ရှိနိုင်သည်။

ပိုမိုသောသတင်းအချက်အလက်

ဩစတေးလျှရဲ့ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်၊ဖြန့်ဝေမှုစီမံချက်အပါအဝင်၊ပိုမိုသောသတင်းအချက်အလက်တွေကို ဩစတေးလျှအစိုးရဝက်ဆိုဒ် မှာရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဘာသာစကားအရယုံကြည်စိတ်ချရသောအရင်းအမြစ်များသို့သွားရန်အချိတ်အဆက်များ

လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအတွက် အစုံလိုက်လမ်းညွှန်ချက်တွေ။

Reviewed 23 July 2021

Coronavirus Victoria

24/7 Coronavirus Hotline

If you suspect you may have COVID-19 call the dedicated hotline – open 24 hours, 7 days.

Please keep Triple Zero (000) for emergencies only.

Was this page helpful?